လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

7 Pic_04 7 Pic_05လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ မဲဇလီကျေးရွာ အုပ်စု၊ ပေါက်ကုန်းကျေးရွာ၌ (၂-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပျက်စီးအိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုရှိ လူဦးရေ (၁၈) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၃၂,၃၅၃/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာနှင့် (၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ အားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈၀ဝ/-) ကျပ် အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၇,၈၀ဝ/-) ကျပ်အား (၅-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူ့လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_nov2018

Sign Up

Upcoming Events