နိုဝင်ဘာ၊၇၊ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယ်သာ လန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs. SigeidKaag နှင့်အတူမြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး H.E Mr. WouterJurgensတို့ကယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့၊ သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်လက်ခံမည့်အစီအစဉ်များ၊ နေရပ်စွန့်ခွါသူများကို ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့အတွက် ဝန်ကြီးဌာနနှင့် UEHRD စီမံကိန်းတို့မှ ဆောင်ရွက်ထားရှိမှု၊ IDP စခန်းများပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျုဟာချမှတ်ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်အတွင်း လူမှုသဟဇာတမျှတဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားခဲ့ရာ နယ်သာလန်နိုင်ငံအနေဖြင့် ၎င်းတို့၏ သဘောထားများအကြံပြုချက်များကို ရှင်းလင်းတင်ပြ ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#hl2
#ygn_Nov2018