လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် (၇-၁၁-၂၀၁၈) ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက်၊ ကရင်ပြည်နယ်နေ့အခမ်းအနားတွင် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများအား ပြခန်းဖွင့်လှစ်၍ ပြသခဲ့ပြီး အဆိုပါပြခန်းသို့ ကရင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌနှင့် ဧည့်သည်တော်များမှ ပြခန်း အတွင်းလှည့်လည်ကြည့်ရှု့ခဲ့ပါသည်။ ထို့နောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ လာရောက်ကြသူများအား သဘာဝ ဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ပြခန်းအား (၇-၁၁-၂၀၁၈) ရက်နေ့မှ (၁၁-၁၁-၂၀၁၈) ရက်နေ့ အထိ (၅) ရက်ကြာဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_Nov2018