မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

6 Pic_01 6 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ် ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၌ (၃၁-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဆွမ်းချက်ဆောင် (၁) ဆောင်ထိခိုက်ခဲ့သည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ (၁-၁၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့ပေါက်ကျေးရွာအုပ်စု၊ ကော့တုံကျေးရွာ၊ ဒေါ်အိနေအိမ်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၅-၁၁-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#krn_nov2018

Sign Up

Upcoming Events