လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ ညောင်လွန့် (အ.ထ.က) စာသင်ကျောင်း၌ (၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ကျောင်းသား/ကျောင်းသူ (၄၈၂) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဘောပင်များဖြန့်ဝေခဲ့ကာ စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_nov2018