တတိယအဆင်‌့ အရှိန်မြှင့်တင်မှု လုပ်ငန်းစဥ်အတိုင်း အရာထမ်းများ စွမ်းဆောင်ရည်မြှင်‌့တင်မှုသင်တန်းဖွင်‌့လှစ်

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ နိုင်ငံတော် ပြုပြင် ‌ြေပာင်းလဲရေးလုပ်ငန်းစဥ် တတိယအဆင်‌့ အရှိန်မြှင်‌့တင်မှု (Third Wave) လုပ်ငန်းစဥ်များနှင်‌့ အကောင်အထည်ဖော်မှုများအတိုင်း အရာထမ်းများစွမ်းဆောင်ရည် မြှင်‌့တင်မှုသင်တန်းဖွင်‌့ပွဲ အခမ်းအနားကို သြဂုတ်လ (၁၁)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် အဆိုပါ ၀န်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တက်ရောက်အမှာစကား ပြောကြားရာတွင် မိမိတို့၀န်ကြီးဌာနဟာ နိုင်ငံတော်အစုိးရကိုယ်စား လူမှုရေးပြဿနာများနှင်‌့ အခြား ဘေးအန္တရာယ်များကြောင်‌့ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူ/ပြည်သားများအား ကာကွယ် စောင်‌့ရှောက်မှုပေးနေတဲ့ အတွက်ကြောင်‌့ အဆင်‌့(၃)ဆင်‌့ဖြင်‌့ နိုင်ငံတော် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်‌ြေမာက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်းကောင်း၊ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါ၀င်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရာထမ်းများအနေနဲ့ စွမ်းဆောင်ရည်မြင်‌့မားနေရန် အလွန်အရေးကြီးပြီး ပြည်သူ့၀န်ထမ်းစိတ်ဓါတ်ပီသမြင်‌့မားနေဖို့ လိုအပ် ပါကြောင်း၊ ပြုပြင်သင်‌့သည့်စိတ်ဓါတ်နှင်‌့ အလေ့အကျင့်တွေကို ပြုပြင်သွားပြီး ကောင်းမွန်တဲ့ စိတ်ဓါတ်နဲ့ အလေ့အကျင်‌့ကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားစေလိုပါကြောင်း၊ တာ၀န်သိစိတ်၊ တာ၀န်ယူစိတ်ရှိသော စိတ်ဓါတ်၊ စည်းကမ်းနှင်‌့ စွမ်းဆောင်ရည်ပြည့်၀သော ကောင်းမွန်သည့် ၀န်ထမ်း များဖြစ်ကြစေဖို့ မိမိတို့မှာရှိနေတဲ့ ရှေးရိုးစွဲ Mindset နှင်‌့လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး ပြုပြင် ပြောင်းလဲပေးရန်နှင်‌့ အရာထမ်းများ ကိုယ်တိုင်ပြုပြင်ပြောင်းလဲရမည့်အပြင် မိမိလက်အောက်ရှိ ၀န်ထမ်းများရဲ့ Mindset ကိုလည်း အမြန်ဆုံးပြုပြင်ပြောင်းလဲပေးနုိင်ရေး ကြပ်မတ်ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင်‌့ အကျယ်တ၀င့် ပြောကြားပါသည်။

(၅)ရက်ကြာ ပြုလုပ်မည့်သင်တန်းတွင် ဒုတိယ၀န်ကြီးများဖြစ်သော ဦးဘုန်းဆွေ၊ ဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနဲ့ ညွှန်ကြားရေးမှူးများက တာ၀န်သိမှု၊ တာ၀န်ယူမှု၊ သစ္စာရှိမှု၊ အမျိုးသားရေးစိတ်ဓါတ်နှင်‌့ မျိုးချစ်စိတ်ဓါတ်၊ Good Governance, Leadership, Management, Counseling, Camp Management, Disaster Management Law, Child Law, ECCD Law and ECCD Policy နှင်‌့ နိုင်ငံတကာ သဘောတူ စာချုပ်များဖြစ်တဲ့ UNCRC, UNCEDAW နှင်‌့ UNCRPD, နိုင်ငံ၀န်ထမ်း စည်းမျဥ်းစည်းကမ်းများနှင်‌့ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းများ၊ ၀န်ကြီးဌာနမှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ Communication Skill, Presentation Skill Organizationl Behaviors နှင်‌့ Internet and e-mail Application စသည်တို့ကို သင်ကြားပို့ချသွားမှာ ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events