ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံမှုသတင်း

18 Pic 02 18 Pic 03 18 Pic 04

အောက်တိုဘာ ၁၇၊ မြစ်ကြီးနား
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Burgener၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ယမန်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဒုတိယဝန်ကြီးဦးစိုးအောင်သည် မူးယစ်ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအားဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရွှေစက်ရပ်ကွက်၊ တောင်တန်းဒေသကျောင်းသား/ကျောင်းသူများ ပြုစုစောင့်ရှောက်ရေးဂေဟာသို့သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

#hl2
#kcn_Oct2018

Sign Up

Upcoming Events