ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ၌ (၁၁-၁၀- ၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၁) မျိုး၊ (၁) အိမ်ထောင်စာ (၁၈,၅၁၀/-) တို့အား (၁၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ ထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sourceး ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ayy_Oct2018

Sign Up

Upcoming Events