ဟင်္သာတမြို့၌ (၈-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၉/၂၀၁၈) မှ သင်တန်းသား/သူများသည် (၁၇-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာ အုပ်စုရှိ အလယ်စုကျေးရွာ၊ ညောင်ပင်စုကျေးရွာ၊ ပေကုန်းကျေးရွာ၊ မြို့ကွင်းကျေးရွာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ နည်းပြများနှင့်တကွ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Sourceး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း
#otr
#ayy_Oct2018