
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှုရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်မြို့နယ် Hotel AMT ၌ (၁၅-၁၀-၂၀၁၈) ရက်နေ့မှ (၁၇-၁၀-၂၀၁၈) ရက်နေ့အထိ ပြည်ခရိုင်၊ မြို့နယ် (၆) မြို့နယ်အတွင်းမှ သင်တန်းသူ/သား (၃၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_Oct2018