
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ဝေယံကျွန်းကျေးရွာနှင့် မြစိမ်းကျွန်းကျေးရွာတို့၌ (၁၅-၁၀-၂၀၁၈)ရက်နေ့ တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွေ့ခဲ့သည် နေအိမ် (၁၆) လုံး အိမ်ထောင်စု (၁၆) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၆၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၅၁၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၇၅၁,၂၀၀/-)ကျပ်တို့အား (၁၇-၁၀-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ် သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2018
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)