ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် IOM အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ မြောက်ဦးဟိုတယ်အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးအောင်မျိုးသိန်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်း အနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၇-၁၀-၂၀၁၈) ရက်နေ့မှ (၂၁-၁၀-၂၀၁၈) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#rke_Oct2018

Sign Up

Upcoming Events