တာယောချောင်းရေကြီးမှုကြောင့် ပြောင်းရွှေ့နေအိမ်များနှင့် ရေဝင်ရောက်သော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေညောင်မြို့ပေါ်ရပ်ကွက် (၂) ခု၌ (၁၆-၁၀-၂၀၁၈) ရက်နေ့၊ ညနေပိုင်းတွင် တာယောချောင်းရေကြီးမှုကြောင့် ဘေးဒုက္ခကြုံတွေ့ရသော အိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၃) အိမ်ထောင်စာ၊ လူဦးရေ (၆၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၆,၅၀၀/-)ကျပ်နှင့် ပြောင်းရွှေ့ရခြင်းမရှိသော်လည်း ရေဝင်ရောက်နေ၍ ဒုက္ခကြုံတွေ့နေသော အိမ်ထောင်စု (၃၂၀) စုမှ လူဦးရေ (၁၃၈၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၉၁၆,၉၀၀/-) ကျပ်တို့အား ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#shn_Oct2018

Sign Up

Upcoming Events