ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မောင်တောမြို့သို့ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် အထူးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ လူမှုအသိုက်အဝန်း များ နှင့် တွေ့ဆုံသည်။
ယင်းနောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ဘူးသီးတောင် မြို့မစည်ပင်သာယာဈေးနှင့် မြို့နယ် ပြည်သူ့ဆေးရုံတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ပြန်လည် ထွက်ခွာကြပြီး မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသည်။ ယင်းနောက် ဒုတိယ ဝန်ကြီးဦးစိုးအောင်က ၂၀၁၇ ခုနှစ်သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်တွင် ထိခိုက်နစ်နာ ခဲ့ရသည့် ဟိန္ဒူဘာသာဝင်အမျိုးသမီးများအား ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ကိုင်းကြီးကျေးရွာရှိ မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့်ပြန်လည် ထွက်ခွာကြသည်။
#hl2
#rke_oct2018
Source: MSWRR