လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ န၀မအကြိမ်ြေမာက် ၀န်ကြီးဌာန မိသားစု ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင်လ (၁၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် အဆိုပါ၀န်ကြီးဌာန၊ စုပေါင်းအစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ရာ ပျဥ်းမနားမြို့၊ တံခွန်တိုင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဝါယာမ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယ၀န်ကြီးများဖြစ်သော ဦးဘုန်းဆွေနှင့် ဒေါ်စုစုလှိုင်၊ အရာထမ်း/အမှုထမ်း များ တက်ရောက်ကြည်ညိုကြပါသည်။
အခမ်းအနားတွင် ပျဥ်းမနားမြို့၊ တံခွန်တိုင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝါယာမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူကြပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများမှ ဆရာတော်/ သံဃာတော်များထံ ၀ါဆို သင်္ကန်းနှင့် လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပျဥ်းမနားမြို့၊ ကိုးခန်းဘုရားကြီး ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံမှ အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေဆက်သွန်းချ အမျှပေးေ၀ခဲ့ကြကြောင်း သတင်းရရှိပါသည်။