တတိယအဆင်‌့ အရှိန်မြှင်‌့တင်မှု (Third Wave)လုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ နိုင်ငံတော်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဥ် တတိယအဆင်‌့ အရှိန်မြှင်‌့တင်မှု (Third Wave)လုပ်ငန်းစဥ်များနှင်‌့ အကောင်အထည်ဖော်မှုများအား ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ (၄)ရက်နေ့၊ နေ့လည် (၁)နာရီ အချိန်တွင် အဆိုပါ၀န်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တက်ရောက် အမှာစကားပြောကြားရာတွင် ၂၀၁၄ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့မှ ပြုပြင်ပြောင်းလဲရေးဦးဆောင်ကော်မတီဥက္ကဌ၊ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများအားလုံးကို တွေ့ဆုံပြီး “နိုင်ငံတော် အစိုးရအဖွဲ့အနေဖြင်‌့ ကျန်ရှိသော ကာလအတွင်း ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးမှာ အခြေခံအုတ်မြစ်ခိုင်မာအောင် ဆောင်ရွက်ပေးရမည့် တာ၀န်နှင်‌့ ပြည်သူတို့၏ လူမှုစီးပွားဦးစားပေး လိုအပ်ချက်များအား ဖြည့်ဆည်းရမည့် တာ၀န်တို့ကို တတိယအဆင်‌့ အရှိန်အဟုန်မြှင်‌့တင်မှု (Third Wave)အဖြစ် ထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်” လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ဒီကနေ့ဆွေးနွေးပွဲမှာ ၀န်ကြီးဌာနအချင်းချင်း ကြား၊ ပြည်ထောင်စု၀န်ကြီးရုံးနှင်‌့ ဦးစီးဌာနများကြား၊ ပြည်ထောင်စုနှင်‌့ တိုင်းဒေသကြီး၊ ပြည်နယ်များ ကြား၊ ပေါင်းစပ်ညှိနှိုင်းရာတွင် တာ၀န်ယူမှု၊ တာ၀န်ခံမှုနှင်‌့ တာ၀န်သိမှုတို့ဖြင်‌့ လုပ်ငန်းများ မြန်ဆန် ချောမွေ့အောင် ဘယ်လိုပြုပြင်ဆောင်ရွက်ကြမလဲဆိုတာ ဦးတည်ချက်ထားဆွေးနွေးကြရမှာ ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက်အဖွဲ့ခွဲပြီး ဆွေးနွေးရာမှာ စိတ်နေစိတ်ထားခံယူချက် (Mind Set) နှင်‌့ လုပ်နည်းလုပ်ဟန် (Procedure) တို့အား ပြုပြင်ပြောင်းလဲရေးအတွက် အဓိက ဆွေးနွေး ပေးကြဖို့မှာကြားပါကြောင်း၊ တတိယအဆင်‌့အရှိန်မြှင်‌့တင်မှု (Third Wave)လုပ်ငန်းများအဖြစ် ပြည်သူ့အခြေပြု ပြုပြင်ပြောင်းလဲမှု၊ ဗဟိုဦးစီးလုပ်ကိုင်သည့်စနစ် လျော့ချမှုလုပ်ငန်းများကို လုပ်ဆောင် ရာတွင် တာ၀န်ခွဲ‌ေ၀မှု အပိုင်းနဲ့ စီမံခန့်ခွဲမှုအပိုင်းများကို စနစ်တကျလုပ်ဆောင်သွားကြပြီး အဆင်‌့လိုက် တာ၀န်သိမှု၊ တာ၀န်ယူမှုနှင်‌့ တာ၀န်ခံမှုများနှင်‌့အညီ လုပ်ကိုင်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘ၀ရရှိရေးစီမံဆောင်ရွက် သွားကြပါလို့ တိုက်တွန်း ပြောကြားလိုပါကြောင်း စသည်ဖြင်‌့ အကျယ်တ၀င့် ပြောကြားပါသည်။

အစီအစဥ်အရ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက လူမှုကာကွွယ်စောင်‌့ရှောက်ရေးလုပ်ငန်းများ အကြောင်းအားလည်းကောင်း၊ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က တာ၀န်သိမှု၊ တာ၀န်ယူမှုနှင်‌့ ပေါင်းစပ်ညှိနှိုင်းခြင်းလုပ်ငန်းများအားလည်းကောင်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ခေါင်းဆောင်မှုနှင်‌့ နောက်လိုက်မှု အကြောင်းအား လည်းကောင်း ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင်‌့ ဒုတိယ၀န်ကြီးများသည် အုပ်စုလိုက်ဆွေးနွေးမှုများကို လှည့်လည်ကြည့်ရှု အားပေးပါသည်။

(၂)ရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲမှ ဗဟို၊ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်အဆင်‌့ ဌာနဆိုင်ရာ ၀န်ထမ်းများတက်ရောက်ကြပြီး လူငယ်စောင်‌့ရှောက်ရေးလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများ၊ ရှေးဦး အရွယ်ကလေးသူငယ်များ၊ အမျိုးသမီးများနှင်‌့ မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင်‌့ ပတ်သက်ပြီး အစုအဖွဲ့ (၆) ဖွဲ့ခွဲပြီး လက်ရှိ အချိန်ထိ အကောင်အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှု၊ နောက်ဆုံးတိုးတက်မှု အ‌ြေခအနေတို့ကို (Mid Term Review)ပြုလုပ်ပြီး ရှေ့လုပ်ငန်းစဥ်များနှင်‌့ ပြုပြင်ဆောင်ရွက် သင်‌့သည်များကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events