ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ‌ထောက်ပံ့ပေးမှုအခြေအနေသတင်း

2 1 43

၁။ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၁၃-၄-၂၀၁၆) ရက်နေ့၊ (၁၂:ဝ၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၁) လုံး ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၂၁) စုမှ စုစုပေါင်းလူဦးရေ (၇၀) ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိပါသည်။

၂။ အဆိုပါမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကို အိမ်ထောင်စု (၂၁) စုစာအတွက် (၁၃-၄-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events