ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

၁။        ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ အမှတ် (၃) ရပ်ကွက်၌ (၁၁-၄-၂၀၁၆) ရက်နေ့၊ (၂၃:၅၀) နာရီအချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ (၂၀ပေ x ၃၀ပေ) ဓနိမိုး၊ ဝါးကာ၊ ဝါးကြမ်းခင်း နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၅၀၀၀၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။

၂။        အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ အမှတ်(၃)ရပ်ကွက် မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၅၀၀၀၀)၊ ဆန်ရိက္ခာဖိုးငွေကျပ် (၁၈၀၀) တို့ကို (၁၃-၄-၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events