၁။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျေးရွာ(၂)ရွာ၌ (၉-၄-၂၀၁၆)ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် လေဘေးဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၉)လုံး၊ ဘုန်ကြီးကျောင်း(၁)နှင့် အုပ်ချုပ်ရေးမှူးရုံး(၁)ရုံး အမိုးလန် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၂၈၅၈၉၀၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ပန်းတောင်းမြို့နယ်၊ ကျွန်း မီးကျေးရွာအုပ်စု၊ ကျေးရွာ(၆)ရွာ လေဘေးအတွက် (၁၅၄၄၇၀) တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကို (၁၃-၄-၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။