၁။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ကျထီးနားကျေးရွာ၌ (၁၁-၄-၂၀၁၆) နေ့(၁၇:၃၀) အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ နေအိမ် (၁၃) လုံးနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် အိမ်ထောင်စု (၁၃) စုမှ လူဦးရေစုစုပေါင်း (၄၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂။ အလားတူ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းလိတ်ကျေးရွာ၌ (၁၁-၄-၂၀၁၆) နေ့(၁၄:၄၂) အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံး ပျက်စီးခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် အိမ်ထောင်စု (၂) စုမှ လူဦးရေစုစုပေါင်း(၅)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၃။ အဆိုပါဘေးများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကျထီးနားကျေးရွာ မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၁၀၅၀၀၀၀)၊ ဆန်ရိက္ခာဖိုးငွေကျပ်(၃၆၀၀၀)၊ ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (၁၃)အိမ်ထောင်စာနှင့် ဝိန်းလိတ်ကျေးရွာမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀)၊ ဆန်ရိက္ခာဖိုးငွေကျပ်(၄၅၀၀)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စာတို့ကို (၁၂-၄-၂၀၁၆)နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါသည်။