ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေသတင်း

၁။        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင်း၌ (၉-၄-၂၀၁၆)နေ့ (၁၇:၄၅) အချိန်တွင် လေပြင်း တိုက်ခတ်ခဲ့ရာ ဂုံတောကျေးရွာ၊ ကထန်ကျေးရွာနှင့် ညောင်ငုတ္တိုကျေးရွာတို့တွင် နေအိမ်(၃)လုံး အမိုးလန် ပျက်စီးခဲ့ပြီး၊ နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၄)စုမှ စုစုပေါင်းလူဦးရေ(၃၂)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။        အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကို (၁)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးကို (၃)စာတို့အတွက် (၁၀-၄-၂၀၁၆)နေ့ တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events