၁။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင်း၌ (၉-၄-၂၀၁၆)နေ့ (၁၈:၃၀) အချိန်တွင် လေပြင်း တိုက်ခတ်ခဲ့ရာ ကျေးရွာအုပ်စု(၁၅)စုမှ ကျေးရွာ(၅၂)ရွာတို့တွင် နေအိမ်(၃၈၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ နေအိမ်(၁၁၇)လုံး ပြိုကျပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၅၀၀)စုမှ စုစုပေါင်း လူဦးရေ(၁၆၇၃)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကို (၁၁၇)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးကို (၃၈၃) စာတို့အတွက် (၁၀-၄-၂၀၁၆)နေ့ တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။