ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေသတင်း

၁။        ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်ပင်ကားယားကျေးရွာ၌ (၉-၄-၂၀၁၆)နေ့ (၁၇:၄၅) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ နေအိမ်(၃)လုံး ပြိုကျပျက်စီး ခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၄)စုမှ စုစုပေါင်းလူဦးရေ(၁၅)ဦး ဘေးဒုက္ခကြုံတွေ့ ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။        အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကို (၃)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးကို (၁)အိမ်ထောင်စာတို့အတွက် (၁၀-၄-၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events