၁။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ တုံကင်းကျေးရွာအုပ်စု၌ (၈-၄-၂၀၁၆)နေ့ (၁၈:၀၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ် (၂၇) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ စာသင်ကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၃၁၉၂၇၀၀) ဖြစ်ပါကြောင်း သိရှိရပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး အိမ်ထောင်စု (၂၇)စုစာကို (၁၂-၄-၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။