ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းလေပြင်းတိုက်ခတ်မှုနှင့် ထောက်ပံ့ပြီးစီးမှု အ‌ခြေအနေသတင်း

(၉-၄-၂၀၁၆)ရက်နေ့ (၁၈:၀၀)နာရီမှ (၁၈:၄၅)နာရီအချိန်ထိ ဧ​ရာ​ဝ​တီ​တိုင်း​ဒေ​သ​ကြီး၊ ​ဟင်္သာတခရိုင်၊ ​ကြံ​ခင်း​မြို့​နယ်​အ​တွင်းတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါလေဘေးအတွက်ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တိုင်း​ဒေ​သကြီး​ဦး​စီး​မှူး၊ ဦး​သန်း​စိုး (ညွှန်ကြားရေးမှူး)​ ဦးဆောင်၍ ​ဟ​သာင်္တ​ခ​ရိုင်ဦး​စီး​မှူး​ရုံး​မှ​ ဒု​တိယဦး​စီး​မှူး​၊           ဦး​ရမ်ချွမ်း​မန်း​နှင့်​အ​တူ​ တာ​ဝန်​ရှိ​သူ​များ​လိုက်​ပါ​ပြီး (၁၀-၄-၂၀၁၆)ရက်နေ့ (၁၆:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ထန်းတပင်အုပ်စုသို့သွားရောက်ကာ ​ပြို​ကျ​အိမ်​ထောင် (၇၄)​ အိမ်​ထောင်​စု​အ​တွက်​ကယ်​ဆယ်​ရေး​ပ​စ္စည်း (၉)​မျိုး၊ ​အ​မိုး​လန်​အိမ်​ထောင်​စု (၅၁၀) ​အ​တွက် ​ကယ်ဆယ်​ရေး​ပ​စ္စည်း (၅) ​မျိုး​နှင့် ဘုန်း​ကြီး​ကျောင်း (၅) ​ကျောင်းအ​တွက်​ သင်္ဃန်း (၅)​စုံ​ထောက်​ပံ့​ခဲ့ကြောင်းနှင့် လူ​ဦး​ရေ​စာ​ရင်း​အား​ဆက်​လက်​ စိ​စစ်​ကောက်​ယူ​ဆဲ​ဖြစ်ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events