================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ စာသင်ကျောင်း၌ ကျောင်းတွင်း အခြေပြုသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးသင်တန်းအား (၅-၉-၂၀၁၈) ရက်နေ့တွင်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျေးရွာသူ/သား (၂၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၅-၉-၂၀၁၈) ရက်နေ့မှ (၆-၉-၂၀၁၈) ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။