လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ နင်းကြမ်း ကျေးရွာ၌ (၂၉-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦး ဘေးသင့်ခဲ့ရာ
အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေ (၇၈,၉၀၀/-) ကျပ်အား ( ၃၀-၈ -၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_aug2018