ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်း ကျင်းပပြုလုပ်မှုသတင်း

30 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၈)ရက်နေ့(၁၃း၃၀)နာရီအချိန်တွင် မကွေးမြို့၊ အထက(၂)အစည်းအဝေးခန်းမ၌ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းကို တိုင်းဒေသကြီး
ဦးစီးမှူးမှလည်းကောင်း၊ ငလျင်လှုပ်နေစဉ်ဘေးကင်းစွာနေထိုင်နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ အုပ်ချုပ်ရေးအရာရှိ ဦးညီညီဇေမှလည်းကောင်း ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၄၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၀၀)နာရီအချိန်တွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ
အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ ဒဏ်ရာရကျောင်းသား/ကျောင်းသူများကိုရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား ညွှန်းပို့ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့်
သဘာဝဘေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#simex_eqk
#mgy_aug2018

Sign Up

Upcoming Events