လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆရာ/ ဆရာမ (၁၀) ဦး၊ ရပ်မိရပ်ဖ (၅၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၃၀) ဦး၊ စုစုပေါင်း (၁၉၀) ဦးတို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ် ပိုစတာပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_aug2018