ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်အတွင်း၌ (၂၅/၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ပြည်သူ (၃၈၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၁၄,၈၀၀/-) ကျပ်တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#bgo_aug2018

Sign Up

Upcoming Events