လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ ဘောကထာကျေးရွာအုပ်စု၊ ဘောကထာကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော သစ်ပင်ပိနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ ဒဏ်ရာရသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁,၁၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား(၂၇-၈-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဘေးသင့်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_aug2018