ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လှူဒါန်း

13 Pic 01

၁၂.၈.၂၀၁၈၊ ရန်ကုန်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပ ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများပေး အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ဒဏ်ခံခဲ့ရသောဒေသများ အမြန်ဆုံးပြန်လည်ထူ ထောင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်နိုင်ရေးညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သောသဘာဝဘေးများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်လျက်ရှိပြီး ဘေးအန္တရာယ်ဖြစ်နိုင်မှု အများဆုံးနိုင်ငံများတွင်လည်းပါဝင်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်ပြီး သတိပေးချက်များထုတ်ပြန်ခြင်း၊ ပြည်သူများ ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်နိုင်ရန် ဆောင်ရွက်သကဲ့သို့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးမှုများသာမက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကို လည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပြည်သူလူထုများ၊ လူမှုအဖွဲ့အစည်းများက ယခုလိုပူးပေါင်း ဆောင်ရွက်မှုများ၊ လှူဒါန်းမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ထံမှ ပြည်သူ့ဆီသို့ အလေ အလွင့် မရှိစေဘဲရေးဘေးသင့်ဒဏ်ခံခဲ့ရသောဒေသများသို့ ရောက်ရှိစေရန် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
ယခုအခမ်းအနားတွင် ရန်ကုန်-ယူနန် လူမှုကူညီရေးအသင်း (လှိုင်မြို့နယ်) အမျိုးသမီးအဖွဲ့က အလှူငွေ ကျပ်သိန်း (၂၀၀)၊ Hydrodynamic Industrial (Myanmar) ကုမ္ပဏီကငွေကျပ် (၉၅) သိန်းတန်ဘိုးရှိ သက်ကယ်အင်္ကျီနှင့် ဒဏ်ကြေလိမ်းဆေးများ၊ မေတ္တာပျိုးခင်းဖောင်ဒေးရှင်းကငွေကျပ် သိန်း (၃၀)၊ ရွှေပိုင်ထိုက် ကုမ္ပဏီ ဥက္ကဌ ဦးရွှေထူးကငွေကျပ် (၁၀) သိန်း၊ ၁၉၈၃-၁၉၈၈ ဆေးတက္ကသိုလ် (၂) ကျောင်းသား၊ ကျောင်းသူ များက ငွေကျပ် (၁၀) သိန်း၊ ဒေါက်တာဝင်းဆန်း+ဒေါက်တာတင်ရတနာအောင် မိသားစုကငွေကျပ် (၅) သိန်းတို့အား အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#hl1
#ygn_aug2018

Sign Up

Upcoming Events