အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။     မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျှက်ရှိရာ (၇-၃-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ ယဉ်ကျေးမှု၀န်ကြီးဌာန၊ ၀န်ထမ်းမိသားစုများမှ ငွေကျပ် (၂,၈၀၀,၀၀၀/-) နှင့် ငွေကျပ် (၂၅၀၀၀၀/-) တန်ဖိုးရှိ အ၀တ်အထည်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဇေယျကျော်ထင် ဦး၀င်းသန်း+ ဒေါ်ရီရီ၀င်း (သား၊သမီး၊မြေးတစ်စု) မှ ငွေကျပ် (၂၀၀,၀၀၀/-) တို့ကို လာရောက် လှူဒါန်းခဲ့ပါသည်။

၂။       စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ရွှေဘိုမြို့နယ်၊ မြို့သူ/မြို့သားများနှင့် ဂီတညီအစ်ကိုမောင်နှမများမှ ငွေကျပ် (၂,၄၁၈,၀၀၀/-)၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မွန်ပြည်နယ်သစ်တောဦးစီးဌာနမှ ငွေကျပ် (၅၀၀,၀၀၀/-) တို့ကိုလှူဒါန်းခဲ့ပါသည်။

၃။       သို့ဖြစ်ပါ၍ (၇-၃-၂၀၁၆) ရက်နေ့ရရှိငွေမှာ ကျပ် (၅,၉၁၈,၀၀၀/-) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၇-၃-၂၀၁၆) ရက် နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာ ကျပ် (၂၅၆,၇၄၂,၂၅၀/-) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပြီး ၎င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေစုစုပေါင်းကျပ် (၁၀၈,၇၃၂,၃၀၀/-) ကို နမ့်ဆန်မြို့သို့ ငွေကျပ် (၃၅,၁၇၀,၃၀၀/-) ကို လည်းကောင်း၊ လပွတ္တာမြို့သို့ ငွေကျပ် (၄၃,၅၆၂,၀၀၀/-) ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဖျောက်ဆိပ်ကုန်းကျေးရွာ မီးဘေးသို့ ငွေကျပ် (၃၀,၀၀၀,၀၀၀/-) ကိုလည်းကောင်း၊ သက်ဆိုင်ရာပြန်လည်ထူထောင်ရေးကော်မတီအသီးသီးသို့ လွှဲပြောင်း ပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) ရက်နေ့မှ ယနေ့အထိ ထပ်မံရရှိခဲ့သည့် လက်ကျန်ငွေကျပ် (၁၄၈,၀၀၉,၉၅၀/-) နှင့် အမေရိကန် ဒေါ်လာ (၃၀,၂၀၀) တို့ကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

 

Sign Up

Upcoming Events