လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ နတ်စဉ်ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၀၀,၄၀၀/-) ကျပ်တို့အား (၇-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_aug2018