အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။     မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူ ပစ္စည်းများ ကိုထောက်ပံ့ လှူဒါန်းလျက်ရှိရာ(၄-၃-၂၀၁၆)ရက်နေ့ တွင်နေပြည် တော် (ရုံးချုပ်) ၌ ဦးအေးကိုကို+ဒေါ်ခင်စန္ဒာအောင်၊ မိသားစု၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ငွေကျပ်(၂၀၀,၀၀၀/-) လာရောက်လှူဒါန်း ခဲ့ပါသည်။

၂။       မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဒေါက်တာအောင်မြင့်၊ ပခုက္ကူလူမှု ကူညီရေးအသင်းမှ ငွေ ကျပ် (၅,၀၀၀,၀၀၀/-)၊ စျေးချိုတော် တိုက်တန်းနှင့် စျေးသူစျေးသားများမှ ငွေကျပ် (၄,၁၄၃,၀၀၀/-)၊ မန်း မြန်မာစျေးချိုပလာဇာ စျေးသူစျေးသားများမှ ငွေကျပ် (၁,၅၀၀,၀၀၀/-)၊ ပြင်ဦးလွင်မြို့နယ်၊ ပညာရေး (မိသားစု) မှငွေကျပ် (၈၇၄,၅၀၀/-)၊ ဒေါ်ခင်နွဲ့ရီ၊ အ.ထ.ပြ (ငြိမ်း) ၊မိသားစုမှ ငွေကျပ်(၁၅၀,၀၀၀/-)၊ ကချင် ပြည်နယ်ဦးစီးမှူးရုံး၌ ဒေါ်သင်မိုးအေး၊ ဒေါ်ယဉ်မေ၊ မိသားစု၊ မိုးညှင်းမြို့မှ ငွေကျပ် (၂၀၀,၀၀၀/-)၊ ရှမ်း ပြည်နယ်ဦးစီးမှူးရုံး၌ဦးစိန်လှ၊မိသားစုမှငွေကျပ်(၃၀,၀၀၀/-)၊တပ်ကုန်းမြို့ရှိအလှူရှင်မှ (OA-011834) စာရင်းသို့ တိုက်ရိုက် လှူဒါန်းငွေကျပ် (၁၅,၀၀၀/-) တို့ကိုလှူဒါန်းခဲ့ပါသည်။

၃။       သို့ဖြစ်ပါ၍(၄-၃-၂၀၁၆)ရက်နေ့ ရရှိငွေမှာစုစုပေါင်းကျပ်(၁၂,၁၁၂,၅၀၀ိ/-)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆)ရက်နေ့မှ (၄-၃-၂၀၁၆)ရက်နေ့အထိ လှူဒါန်းရရှိငွေ   စုစုပေါင်းမှာ ကျပ် (၂၅၀,၈၂၄,၂၅၀/-)နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပြီး ၎င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေစုစု ပေါင်းကျပ်(၁၀၈,၇၃၂,၃၀၀/-)ကိုနမ့်ဆန်မြို့သို့ငွေကျပ်(၃၅,၁၇၀,၃၀၀/-)ကိုလည်းကောင်း၊ လပွတ္တာ မြို့သို့ငွေကျပ်(၄၃,၅၆၂,၀၀၀/-)ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဖျောက်ဆိပ်ကုန်းကျေးရွာ မီးဘေးသို့ငွေကျပ်(၃၀,၀၀၀,၀၀၀/-)ကိုလည်းကောင်း၊ သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကော်မတီ အသီးသီးသို့လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) ရက်နေ့မှယနေ့အထိထပ်မံရရှိခဲ့သည့်လက်ကျန် ငွေကျပ်(၁၄၂,၀၉၁,၉၅၀/-) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) တို့ကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

Sign Up

Upcoming Events