မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း

1-3 2-3

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်း အရှေ့ကျေးရွာ၊ နဂါးရုံကျောင်းအနီး၌ (၁-၃-၂၀၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆း၁၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး ၊ အိမ်ထောင်စု (၉)စုမှ လူကြီး (၂၉) ဦး၊ ကလေး (၁၂) ဦး၊ စုစုပေါင်း (၄၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၉) အိမ်ထောင်စာနှင့် ဆန် (၃) ရက်စာအား (၂-၃-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ကနဦးသတင်း ရရှိပါသည်။

Sign Up

Upcoming Events