အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။     မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများ ကိုထောက်ပံ့ လှူဒါန်းလျှက်ရှိရာ (၁-၃-၂၀၁၆) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌ ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ငွေကျပ်(၂၄,၅၃၅,၅၀၀/-)၊ Ministry of Energy, Myanmar Oilmen’s Event Golf & Gala Dinner 2015 မှ နမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအတွက်ငွေကျပ်(၃,၀၀၀,၀၀၀)၊ လပွတ္တာမြို့မီးဘေးသင့် ပြည်သူများအတွက် ငွေကျပ်(၃,၀၀၀,၀၀၀) လာရောက်လှူဒါန်းခဲ့ပါသည်။

၂။       ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌(ဦးတေဇညွှန့်)ဇနီးဒေါ်ဟေဂယ်ညွှန့်မှငွေကျပ် (၅၀,၀၀၀)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဦးစောဘအောင်သာ+ဒေါ်နန်းခင်ညွှန့်၊မိသားစုမှ ငွေကျပ်(၁၀၀,၀၀၀)နှင့် ဒေါ်စောသန်းဇော်၊ မြောက်ဒဂုံ၊ရန်ကုန်မြို့မှငွေကျပ်(၃၀,၀၀၀/-) တို့ကို လှူဒါန်းခဲ့ပါသည်။

၃။     သို့ဖြစ်ပါ၍(၁-၃-၂၀၁၆)ရက်နေ့ရရှိငွေမှာ စုစုပေါင်းကျပ် (၃၀,၇၁၅,၅၀၀) ဖြစ်ပါသည်။ (၅-၂-၂၀၁၆)ရက်နေ့မှ (၁-၃-၂၀၁၆) ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာကျပ် (၂၃၈,၇၁၁,၇၅၀) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပြီး ၎င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေစုစု ပေါင်းကျပ် (၇၈,၇၃၂,၃၀၀) ကိုနမ့်ဆန်မြို့သို့ငွေကျပ် (၃၅,၁၇၀,၃၀၀/-) ကိုလည်းကောင်း၊ လပွတ္တာမြို့ သို့ ငွေကျပ်(၄၃,၅၆၂,၀၀၀)ကိုလည်းကောင်း၊ (၂၂-၂-၂၀၁၆)ရက်နေ့တွင် သက်ဆိုင်ရာပြန်လည် ထူထောင်ရေးကော်မတီအသီးသီးသို့လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) မှယနေ့အထိ ထပ်မံရရှိ ခဲ့သည့် လက်ကျန်ငွေကျပ် (၁၅၉,၉၇၉,၄၅၀)နှင့် အမေရိကန်ဒေါ်လာ(၃၀,၂၀၀) တို့ကိုလည်းဆက်လက် လွှဲပြောင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events