ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈) ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာ ရတနာကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ (၅၀၀) ခန့်မှ မြေပြိုကျမှုကြောင့် သေဆုံး (၂၇) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၈၁) သိန်းကျပ်အား (၃၀-၇-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီ အချိန်တွင် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#kcn_jul2018

Sign Up

Upcoming Events