ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျသောင်းတောင်ကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီ အချိန် တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်လာမှုကြောင့် ကမ်းပါးပြိုကျမှုမှ ကာကွယ်ရန် ကြိုတင် ပြောင်းရွှေ့ရသော နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာနှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-) ကျပ်တို့အား (၁၆-၇-၂၀၁၈) ရက်နေ့ (၁၆း၄၅) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#npw_jul2018

Sign Up

Upcoming Events