ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့ (ဝရး၀၀) နာရီအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး ရုံးပင်ချောင်းရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျမှုမှ ကာကွယ်ရန် ကြိုတင် ပြောင်းရွှေ့ ခဲ့ရသော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-) ကျပ်တို့အား (၃၀-၇-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#npw_jul2018

Sign Up

Upcoming Events