မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် (၂၉-၂-၂၀၁၆) ရက် နေ့ မြန်မာစံတော်ချိန် (၁၅း၀၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၈၉) လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၉၀) စုမှ လူဦးရေစုစုပေါင်း (၃၅၉) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ခေါက်ဆွဲခြောက် (၁၂ဘူးပါ) ၂၅၅ ဖာ၊ ရေသန့် (၂၄ဘူးပါ) ၁၇၀ ဖာ၊ ဆန် (၄ပြည်အိတ်) ၁၆၃ အိတ်တို့အား (၂၉-၂-၂၀၁၆) ရက်နေ့၌ ဘေးသင့်ဒေသသို့အချိန်နှင့် တပြေးညီ ပို့ဆောင်ပေးခဲ့ပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးမှူးသည် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၁၀၀) အိမ်ထောင်စာယူဆောင်ကာ ဘေးဖြစ်ရာဒေသသို့ (၁-၃-၂၀၁၆) ရက်နေ့ (၀၈းဝ၀) နာရီအချိန်၌ သွားရောက်ထောက်ပံ့လျက်ရှိကြောင်း ကနဦးသတင်း ရရှိပါသည်။

Sign Up

Upcoming Events