အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရေဘေးနှင့် မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။        ရေဘေးနှင့်မီးဘေးသင်‌့ပြည်သူများအတွက် စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများ ကိုထောက်ပံ့လှူဒါန်းလျက်ရှိရာ (၂၉-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌ ရေဘေးသင့်ပြည် သူများအတွက် ရွှေလီ(၁)ရေအားလျှပ်စစ်ကုမ္ပဏီမှငွေကျပ်(၁၃,၁၀၀,၅၀၃)ကို လာရောက်လှူဒါန်းခဲ့ပါသည်။

၂။        မီးဘေးသင့်ပြည်သူများအတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့မှငွေကျပ်(၁,၃၁၀,၀၀၀)၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ငွေ ကျပ်(၁,၃၁၀,၀၀၀) နှင့် မြင်းခြံမြို့အလှူရှင်မှ ငွေကျပ်(၁၀၀,၀၀၀) ဦးလှမင်း(မိသားစု)၊ တိုက်ကြီးမြို့မှ ငွေကျပ်(၃,၀၀၀)၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံး၌ ကျောက်မဲမြို့နယ်စစ်မှုထမ်းဟောင်းစည်းရုံးရေးကော်မတီနှင့် အဖွဲ့၀င်/အရအဖွဲ့၀င်၊ မိသားစုများမှ ငွေကျပ် (၅၀၀,၀၀၀) တို့ကိုလှူဒါန်းခဲ့ပါသည်။

၃။        သို့ဖြစ်ပါ၍ (၂၉-၂-၂၀၁၆) ရက်နေ့ရရှိငွေမှာစုစုပေါင်းကျပ် (၁၆၃၂၃၅၀၃) အနက် မီးဘေးသင့် ပြည်သူများအတွက် ရရှိငွေကျပ် (၃,၂၂၃,၀၀၀) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၂၉-၂-၂၀၁၆) ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာကျပ် (၂၀၇,၉၉၆,၂၅၀) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပြီး၎င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေစုစုပေါင်းကျပ် (၇၈,၇၃၂,၃၀၀) ကို နမ့်ဆန်မြို့သို့ ငွေကျပ် (၃၅,၁၇၀,၃၀၀) ကိုလည်းကောင်း၊ လပွတ္တာမြို့သို့ ငွေကျပ်(၄၃,၅၆၂,၀၀၀)ကို လည်းကောင်း (၂၂-၂-၂၀၁၆) ရက်နေ့တွင် သက်ဆိုင်ရာပြန်လည်ထူထောင်ရေးကော်မတီအသီးသီးသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) မှ ယနေ့အထိထပ်မံရရှိခဲ့သည့် လက်ကျန်ငွေကျပ် (၁၂၉,၂၆၃,၉၅၀) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) တို့ကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events