၁။ မီးဘေးသင့်ပြည်သူများအတွက်စေတနာရှင်များကအလှူငွေနှင့်အလှူပစ္စည်းများကိုထောက်ပံ့ လှူဒါန်းလျက်ရှိရာ(၂၆-၂-၂၀၁၆)ရက်နေ့တွင်နေပြည်တော်(ရုံးချုပ်)၌ ဒေါ်ယဉ်နု၊ ရန်ကုန်မြို့မှ ငွေကျပ် (၃၀,၀၀၀)ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ နေပြည်တော်(ရုံးချုပ်)သို့ လာရောက်လှူဒါန်းခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀,၀၀၀,၀၀၀)၊ တရုတ်အမျိုးသားကုသိုလ်ဖြစ်အသင်းမှငွေကျပ်(၁၀,၀၀၀,၀၀၀)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရောက် ပညာတော်သင်မြန်မာကျောင်းသား/သူများမှငွေကျပ်(၁,၈၁၃,၅၀၀)၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းမှငွေကျပ်(၁၀,၀၀၀,၀၀၀)၊ ခိန့်ဟုတ်ဘုရားကျောင်းဂေါပကအဖွဲ့မှငွေကျပ် (၁၀,၀၀၀,၀၀၀) နှင့်မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စစ်မှုထမ်းဟောင်းအဖွဲ့၊ မကွေးမြို့မှငွေကျပ် (၂၀၀,၀၀၀)တို့ကို လှူဒါန်း ခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ (၂၆-၂-၂၀၁၆)ရက်နေ့ရရှိငွေမှာ(၅၂,၀၄၃,၅၀၀)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ(၂၆-၂-၂၀၁၆)ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာကျပ်(၂၀၄,၇၇၃,၂၅၀)နှင့် အမေရိ ကန်ဒေါ်လာ(၃၀,၂၀၀)ဖြစ်ပြီး ၎င်းရရှိငွေများအနက်(၁၅-၂-၂၀၁၆)ရက်နေ့အထိ ရရှိငွေစုစုပေါင်းကျပ် (၇၈,၇၃၂,၃၀၀)ကို နမ့်ဆန်မြို့သို့ငွေကျပ်(၃၅,၁၇၀,၃၀၀)ကိုလည်းကောင်း၊ လပွတ္တာမြို့သို့ငွေကျပ် (၄၃,၅၆၂,၀၀၀)ကိုလည်းကောင်း (၂၂-၂-၂၀၁၆)ရက်နေ့တွင် သက်ဆိုင်ရာပြန်လည်ထူထောင်ရေးကော်မတီအသီးသီးသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆)မှ ယနေ့အထိ ထပ်မံရရှိခဲ့သည့် လက်ကျန်ငွေကျပ်(၁၂၆,၀၄၀,၉၅၀)နှင့် အမေရိကန်ဒေါ်လာ(၃၀,၂၀၀)တို့ကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။