===============================================
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲအစည်းများ၊ သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ (၂၅-၇-၂၀၁၈) ရက်နေ့တွင် ရေဘေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ (၄၀၀)ကျော်ခန့် တက်ရောက်ခဲ့ပါသည်။အဆိုပါရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းတွင် ကြိုတင်သတိပေးခြင်း၊ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ လူဦးရေစာရင်းကောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အားပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ လုံခြုံရေးပေးခြင်း စသည်တို့ကိုဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။