===================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေစီးသန်မှုကြောင့် တိုကျေးရွာအုပ်စု ပိတပ်ကျေးရွာနှင့် လက္ကူးကျေးရွာအုပ်စု မြဒေါင်ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထယာယီဝါးတံတားသည် (၁၈-၇-၂၀၁၈) ရက်နေ့တွင် တံတားအလယ်မှ ပေ(၅၀)ခန့် ရေစီးနှင့်မျှောပါသွားခဲ့ရာ ပျက်စီးသွားသော တံတားအပိုင်းအစများသည် ပိတပ်ဘက်ရှိ ချောင်းနံဘေးသို့ စုပုံမျှောလာသဖြင့် ကမ်းနံဘေးတွင် ရပ်နားထားသည့်စက်လှေပေါ်တွင်ရှိသော ဦးစိုးသန်းသည် ၎င်းအပိုင်းအစများကို ဖယ်ရှားရာမှ ရေစီးနှင့်မျှောပါသွားခဲ့ပြီး (၂၁-၇-၂၀၁၈) ရက်နေ့တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရာ အဆိုပါသေဆုံးသူဦးစိုးသန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နာရေးထောက်ပံ့ငွေကျပ် (၃၀၀၀၀၀) အား (၂၅-၇-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄း၅၀) နာရီအချိန်တွင် ထောက်ပံ့ပြီးစီးပြီးဖြစ်ကြောင်း သိရှိရပါသည်။