===================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဓနိမိုးထရံကာအိမ်(၁)လုံး နှင့် ဓနိမိုး၊ ပျဉ်ကာ(၃)လုံး စုစုပေါင်းအိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ ဘေးသင့်လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၉) ပြည် (၆) ဗူး တန်ဖိုး(၂၉၇၅၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၈၀၀၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု(၄)စုစာအား (၂၄-၇-၂၀၁၈) ရက်နေ့တွင် ကျိန္တလီမြို့အုပ်ချုပ်ရေးမှူးရုံး၌ ကျိန္တလီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။