===================================================
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာ၌ (၂၁.၇.၂၀၁၈) ရက်နေ့၊ (၁၆း၁၅) နာရီအချိန်တွင် မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ဘေးသင့်ခဲ့သည့်နေအိမ်(၅)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၅)စု၊ လူဦးရေစုစုပေါင်း(၂၂)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၆၂၀၀ိ/-)၊ နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၅၄၆၂၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထာင်စာတို့အား (၂၄-၇-၂၀၁၈) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။