ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော/ယွန်းတန်း/ကြာနီကန်ရပ်ကွက် ၃ ခုနှင့် မင်းတဲကျွန်းကျေးရွာအုပ်စုတို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှု (ရေဘေး) ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

24 Pic 01

24 Pic 02

===================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော/ယွန်းတန်း/ကြာနီကန်ရပ်ကွက် ၃ ခုနှင့် မင်းတဲကျွန်းကျေးရွာအုပ်စုတို့၌ (၂၀-၇-၂၀၁၈) ရက်နေ့မှ (၂၃-၇-၂၀၁၈) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်မှု (ရေဘေး) ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော (၄၂) အိမ်ထောင်စုမှ လူဦးရေ(၁၆၀)ဦးတို့အတွက် ဆန်ရိက္ခာ ၇ ရက်စာဖိုးစုစုပေါင်းရန်ပုံငွေ (၃၃၆၀၀၀ိ/-) ကို (၂၄-၇-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ရာ ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းနှင့် ယင်းရေဘေးသင့်ပြည်သူများအား တပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်၊ သူနာပြုများနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events