===================================================
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ် ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ(၄)ရွာတို့၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့ မြင့်တက်မှုကြောင့် မိုးညိုမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၈၈)စု လူဦးရေ(၆၇၄)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး (၂၄-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် တစ်ဦးလျှင် ဆန်ရိက္ခာ (၇)ရက်စာ (၂၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းဆန်ဖိုးထောက်ပံ့ငွေ (၁၄၁၅၄၀၀) ကျပ်အား မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။