===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ-
ခွေးတောက်ချောင်းကျေးရွာအုပ်စု ကျေးရွာခွဲ (၃) ရွာ၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းကြရသော အိမ်ခြေ(၂၃)လုံးမှ အိမ်ထောင်စု (၂၃) စုအတွက် အိမ်ဆောက်ပစ္စည်း (၂၃၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂၃) အိမ်ထောင်စာကိုလည်းကောင်း၊
စစ်ကုန်းကျေးရွာအုပ်စု ကျေးရွာခွဲ (၃)ရွာ၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းကြရသော အိမ်ခြေ(၂၂)လုံးမှ အိမ်ထောင်စု(၂၂ )စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂၂)အိမ်ထောင်စာကို လည်းကောင်း၊
ခွေးတောက်ချောင်းကျေးရွာအုပ်စု ကျေးရွာခွဲ (၄)ရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းကြရသော အိမ်ခြေ(၂၂)လုံးမှ အိမ်ထောင်စု(၂၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂၂)အိမ်ထောင်စာကို လည်းကောင်း၊
(၂၃-၇-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွာရာဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။